SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် ကိုရီးယား သမ္မတ နိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီးဌာန ကုန်သွယ်ရေး ဝန်ကြီးနှင့် အဖွဲ့အား တွေ့ဆုံ

Tuesday, 24 April 2018 07:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၂၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် ကိုရီးယား သမ္မတ နိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ကုန်သွယ်ရေး ဝန်ကြီးH.E. Mr. Kim Hyun-chong ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့ကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားရေး၊ နည်းပညာ၊ အသိပညာ မျှဝေရေးနှင့် စက်မှုဇုန် တည်ထောင်ရေး အလားအလာများ စသည့် ရှိရင်းစွဲ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး နှင့်ပတ်သက်၍  အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်၊  အပြည် ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ အမြဲတမ်း အတွင်းဝန် နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 82 times Last modified on Tuesday, 24 April 2018 07:54